Local News

မန္တလေးကုန်စည်ဒိုင် နှမ်းဈေးကွက်အေးနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နှင့် မန္တလေးအနီးတဝိုက် မှ နှမ်းများ ဝင်ရောက်နေပြီး၊ နှမ်းနက်ကို တရုတ်ဝယ်လက်မှ ဝယ်ယူမှုရှိကြောင်း၊ အရည်သွေးကောင်း သော နှမ်းများကို လှောင်လက်သမားများမှ ဝယ်ယူနေကြောင်းသိရသည်။

နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၅၀၀၀၀ ၊ယခင်တစ်ပတ် ကျပ် ၂၄၃၀၀၀ မှ ၂၅၂၀၀၀၊ ယခင်လကျပ် ၂၆၅၀၀၀မှ ၂၇၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀ ၊ ယခင်လထက်ကျပ် ၂၀၀၀၀ နိမ့်ကျလာသည်။

နှမ်းညို ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၁၀၀၀၀ မှ၂၀၅၀၀၀ ၊ ယခင် တစ်ပတ်ကျပ် ၂၀၀၀၀၀ မှ ၂၀၅၀၀၀၊ ယခင်လကျပ် ၂၂၀၀၀၀ မှ ၂၂၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ် ၅၀၀၀ မြင့်တက်လာပြီး၊ ယခင်လထက်ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ နိမ့်ကျလာသည်။

 နှမ်းနက်(စမုံ) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၅၅၀၀၀ မှ ၂၁၀၀၀၀ ယခင်တစ်ပတ်ကျပ် ၂၅၅၀၀၀ မှ ၂၁၀၀၀၀၊ ယခင်လကျပ် ၂၅၀၀၀၀ မှ ၃၀၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး ၊ ယခင်လထက် ၄၀၀၀၀ မှ ၄၅၀၀၀ နိမ့်ကျလာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News